ခေတ်မီသိပ္ပံနည်းပညာများနှင့် စိတ်ရင်းမှန်ဖြင့် စောင့်ရှောက်မှု

ဩစတေးလျနိုင်ငံ၏ နောက်ဆုံးပေါ်ခေတ်မီ နည်းပညာများဖြင့် သင်၏ သန္ဓေအောင်နှုန်းကို ထိန်းသိမ်းပြီး သင့်အိပ်မက်ထဲက မိသားစုဘဝကို အကောင်အထည်ဖော်ရန် ကျွန်ုပ်တို့က ကူညီဖော်ဆောင်ပေးမည်ဟု ကတိပေးပါသည်။

Best IVF Clinic Bangkok

Genea Thailand ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?

Genea Thailand တွင် ကျွန်ုပ်တို့သည် လူတိုင်း၏ သားသမီးရှင်သန်မှု အိပ်မက်များကို ဖြည့်ဆည်းရန် ကတိပေးပါသည်။ ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် နည်းပညာများဖြင့် သင်၏ မိသားစုစတင်ရန် ခရီးလမ်းတစ်လျှောက် သင်နှင့်အတူ ရှိနေပေးပါမည်။

အသိအမှတ်ပြု တိုးတက်မှုနှုန်း

ကျွန်ုပ်တို့သည် ကမ္ဘာကျော် မျိုးပွားနည်းပညာကို Genea Australia မှ သီးသန့်ယူဆောင်လာပြီး ကိုယ်ဝန်ရခြင်းတိုးတက်မှုနှုန်းကို သိသိသာသာမြှင့်တင်နိုင်ပါသည်။

နှစ် 40 နီးပါး အတွက် IVF ဦးဆောင်သူ

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအသုံးပြုသူများသည် 1986 ခုနှစ်တွင် Sydney IVF (ယခင်အမည်) ဖြင့် ပရောဖက်ဆာ Robert Jansen ၏ လမ်းညွှန်မှုအောက်တွင် ဖွင့်လှစ်ကတည်းက ကိုယ်ဝန်ရရှိခဲ့သည့် အောင်မြင်သည့် ရလဒ်များစွာရရှိခဲ့ပါသည်။

အတွေ့အကြုံရှိသော ကျွမ်းကျင်သူများ

ကျွန်ုပ်တို့၏ ကျွမ်းကျင်သူများသည် မျိုးပွားပြဿနာများရှိသူများကို ကုသရာတွင် ကျယ်ပြန့်သော ဗဟုသုတနှင့် အတွေ့အကြုံများရှိပြီး လူနာတစ်ဦးချင်းစီအတွက် သင့်လျော်သော ကုထုံးများဖြင့် သေချာစွာကုသပေးနိုင်ပါသည်။ An IVF Pioneer for almost 40 years

အဆင်ပြေသော တည်နေရာနှင့် စံနှုန်းများ

ကျွန်ုပ်တို့၏ ဆေးခန်းသည် ISO လက်မှတ်ရရှိထားပြီး ဘန်ကောက်မြို့၏ အလယ်ဗဟိုတွင် တည်ရှိပြီး BTS သို့မဟုတ် ကိုယ်ပိုင်ကားဖြင့် လွယ်ကူစွာသွားလာနိုင်ပါသည်။

သင်၏ မိသစုဘဝခရီးကိုအကောင်းထည်ဖော်ရန် ကျွန်ုပ်တို့နှင့်အတူ စတင်လိုက်ပါ။

လမ်းတစ်လျှောက်တွင် သင့်အား ကူညီပေးရန် ကျွန်ုပ်တို့အဆင်သင့်ရှိနေပါပြီ။

ICSI / IVF

A.R.T (Third generation) နည်းပညာကို ကိုအသုံးပြုပြီး ကျန်းမာသန်စွမ်းသော သုတ်ကောင်ကို မမျိုးဥဆီသို့ တိုက်ရိုက် ထိုးသွင်းခြင်းအားဖြင့် သန္ဓေအောင်ခြင်းကို ကူညီပေးပါသည်။ ဤနည်းလမ်းသည် IVF ထက်ပို၍ သန္ဓေအောင်နှုန်းပိုပိုမြင့်ပြီး အောင်မြင်မှုပိုများပါသည်။

IUI

IUI နည်းပညာသည် သန္ဓေတည်ရန် သိပ္ပံနည်းကျ ကုသမှုဖြစ်ပြီး လိင်ဆက်ဆံခြင်းနှင့် ပတ်သက်သည့် ကျန်းမာရေးပြဿနာရှိသူများ သို့မဟုတ် သုတ်ကောင်လှုပ်ရှားမှုကို နှောင့်ယှက်သည့် သားအိမ်ခေါင်း ပြဿနာများကြောင့် သန္ဓေတည်ရန် အခက်အခဲရှိသူများအတွက် သင့်လျော်ပါသည်။

မ မျိုးဥ အေးခဲနည်း

အရည်သွေးကောင်းမွန်သော မ မျိုးဥဆဲလ် များကို အေးခဲထားခြင်းဖြင့် အသက်ကြီးလာသည်နှင့်အမျှ မ မျိုးဥ၏အရည်အသွေး ယိုယွင်းလာမှုကို တားဆီးပေးစေနိုင်ပါသည်။

သုတ်ပိုး အေးခဲနည်း

ဤနည်းပညာသည် သုတ်ပိုးများကို အအေးခန်းထဲတွင် သိမ်းဆည်းခြင်းအားဖြင့် သုတ်ရည်များကို သားအိမ်ထဲသို့ တိုက်ရိုက်ထိုးသွင်းရန်အတွက်‌သော်လည်းကောင်း၊ ခန္ဓာကိုယ်ပြင်ပတွင် မမျိုးဥများကို မျိုးပွားရန်အတွက်သော်လည်းကောင်း သုတ်ပိုးများကို ထိန်းသိမ်းသော လုပ်ငန်းစဉ်တွင် ပါဝင်ပါသည်။

ကိုယ်ဝန်မဆောင်မီ မျိုးရိုးဗီဇစစ်ဆေးခြင်း PGT-A, PGT-M

သဘာဝ အလျှောက် မှန်ကန်သော ခရိုမိုဇုမ်းများကို ရွေးချယ်ခြင်းနှင့် မျိုးရိုးဗီဇဆိုင်ရာရောဂါများကင်းဝေးစေရန်အတွက် မျိုးရိုးဗီဇ မူမမှန်ခြင်းကို ခွဲခြားသတ်မှတ်ရန် သန္ဓေသားလောင်းများကို စမ်းသပ်စစ်ဆေးခြင်းဖြစ်သည်။

NAD+ ကုထုံး

တိုက်ရိုက်သွေးကြောထဲသို့ထိုးသွင်းသည့် NAD+ ကုထုံးသည် ဥ နှင့် သန္ဓေသားများတွင် NAD ဓာတ်ပမာဏကို တိုးမြှင့်ပေးပြီး ကလေးသူငယ်၏ ကျန်းမာသန်စွမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးပါသည်။

ကျွန်ုပ်တို့၏ ဂုဏ်ယူရသော အောင်မြင်မှုမှတ်တမ်းများ

Success stories

that we are proud of.

May နှင့်သူမ၏ခင်ပွန်းသည် Genea Thailand သို့လာ‌ရောက်၍ လမ်းညွှန်မှုနှင့် ICSI ဝန်ဆောင်မှုများကိုရှာဖွေကာ အမွှာကိုယ်ဝန်ဆောင်ရန်ဆန္ဒပြုခဲ့သည်။ ဆေးအဖွဲ့၏ စေ့စပ်သေချာသော လမ်းညွှန်ကုသမှုအစီအစဉ်ကို လိုက်နာပြီးနောက် May သည် ပထမစက်ဝန်းတွင် အမြွှာအမွှာကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး အစောပိုင်း ဝမ်းနည်းပူဆွေးပြီးနောက် ဇနီးမောင်နှံနှစ်ဦး၏ ပျော်ရွှင်သော မိသားစုဘဝ‌လေးကိုဖော် ဆောင်လာနိုင်ခဲ့သည်။
ယခင်က အိမ်ထောင်ကျခဲ့ပြီး ပထမအိမ်ထောင်မှ သားသမီး သုံးဦးရှိသည်။ သားအိမ်ခွဲစိတ်ကုသရန် ဆုံးဖြတ်ပြီးနောက် Bee သည် နောက်အိမ်ထောင်ပြုခဲ့သည်။
ကျွန်ုပ်တို့၏ဆေးဘက်ဆိုင်ရာအဖွဲ့မှ ဂရုတစိုက်ပြုလုပ်ထားသော ထိရောက်သောကုသမှုအစီအစဉ်ဖြင့် သူမသည် သန္ဓေအောင်ခြင်းလုပ်ငန်းစဉ် ပထမစက်ဝန်းတစ်ခုတည်းနဲ့တင် အောင်မြင်စွာသန္ဓေတည်နိုင်ခဲ့သည်။

သန္ဓေတည်ခြင်းနှင့်ဆိုင်သည့် ဆောင်းပါးများ

ထိုင်းနိုင်ငံ၏ လိင်တူလက်ထပ်မှုဥပဒေတွင် LGBTQA+ စုံတွဲများအား အငှားကိုယ်ဝန်‌ေဆာင်ခြင်းနှင့် မွေးဖွားခြင်းဆိုင်ရာ ကုသမှုများကို ရယူခွင့်ပြုပါက မည်သို့ဖြစ်မည်နည်း။ Genea Thailand သည် LGBTQA+ စုံတွဲများအတွက် Genea Australia မှ အမြင်များကို မျှဝေထားပါသည်။
Endometriosis သည် ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော အမျိုးသမီးများအပေါ် သက်ရောက်သည့် အဖြစ်များသော်လည်း နားလည်မှုလွဲလေ့ရှိသော အခြေအနေတစ်ခုဖြစ်သည်။ သားအိမ်၏အလွှာ (endometrium) နှင့်ဆင်တူသောတစ်ရှူးများသည် သားအိမ်အပြင်ဘက်တွင် ကြီးထွားလာသောအခါတွင် ဖြစ်တတ်ပါသည်။
ခေတ်သစ်လူနေမှုဘဝသည် ဖိစီးမှုဖြစ်စေနိုင်ပြီး ထိုနာတာရှည်စိတ်ဖိစီးမှုသည် သင်၏မျိုးပွားမှုကို ထိခိုက်စေနိုင်သည်။ စိတ်ဖိစီးမှုဟော်မုန်း၊ ကော်တီဆောသည် မမျိုးဥကြွေခြင်းနှင့် သုတ်ပိုးထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။

Genea Fertility Clinic Thailand

ဂျီနီယာသည် ယနေ့ခေတ် နည်းပည်းများကို အသုံးပြု၍ ကလေးမရနိုင်သူများအတွက် ကုသမှုများ ပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဩစတေးလျနိုင်ငံမှ ခေတ်မီနည်းပညာများကို အသုံးပြုပြီး ကလေးမရနိုင်သူများအတွက် ကုသမှုပေးခြင်းနှင့် သုတေသန ဖွံ့ဖြိုးရေးများကို နှစ် ၃၅ ကျော်ကြာ လုပ်ဆောင်လာခဲ့သည်။ ဂျီနီယာ၏ နည်းပည်းများကို အသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ IVF ဆေးခန်းများတွင် ကိုယ်ဝန်ရနိုင်ခြေသည် ပျမ်းမျှထက် ၂၅-၂၇% ပိုများနိုင်သည်။

ကျွန်ုပ်တို့၏ကျွမ်းကျင်သူများထံမှ ယနေ့ပဲ အကြံဉာဏ် ရယူလိုက်ပါ။

သင့်မေးခွန်းများအားလုံးကို ဖြေကြားပေးရန်နှင့် နောက်ထပ်‌ ဆွေးနွှေးတိုင်ပင်မှုများအတွက် လမ်းညွှန်ချက်များ ရယူရန် ကျွန်ုပ်တို့‌၏ အကြံပေးအဖွဲ့နှင့် ဆက်သွယ်ပါ။

Fertility Center ဘန်ကောက်မြို့လယ်ခေါင် အချက်အချာ

Genea ထိုင်းနိုင်ငံ

၁၀ လွှာ၊ Central World ရှိ Central Tower ၄၊ ၄/၅၊ ရာဇဒါမ္နရီလမ်း၊ ပထုံဝန်၊ ပထုံဝန်၊ ဘန်ကောက် ၁၀၃၃၀

This website uses cookies for best user experience, to find out more you can go to our Privacy Policy and Cookies Policy
Compare product
0/4
Remove all
Compare